ပဋိပက္ခတွေဖြေရှင်းတဲ့အခါ..

လုပ်ငန်းခွင်မှာ ပဋိပက္ခဆိုတာရှောင်လွှဲလို့မရနိုင်ပါဘူး။ အယူအဆမတူလို့ပဲဖြစ်ဖြစ်၊ အကျိုးစီးပွားမတူလို့ပဲဖြစ်ဖြစ်၊ လိုအပ်ချက်မတူလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းသဘာ၀မတူလို့ပဲဖြစ်ဖြစ် ပဋိပက္ခကဖြစ်ကြပါတယ်။ ကိုယ်က မန်နေဂျာဖြစ်ခဲ့မယ်ဆိုရင် အဲဒီ ပဋိပက္ခတွေကို တာဝန်ယူဖြေရှင်းကြရတာပါ။ အဲလိုဖြေရှင်းကြရတဲ့အခါမှာ မန်နေဂျာတွေ လိုက်နာရမယ့်အချက်တချို့ကတော့ အောက်မှာ ဖော်ပြထားတဲ့အတိုင်းပဲဖြစ်ပါတယ် – ( ၁ ) သူတို့ပြောတာနားထောင်တဲ့အခါ နားနဲ့တင်မဟုတ်ဘဲ မျက်စိကော နှလုံးသားကောဖွင့်ထားပြီးနားထောင်ပါ။ ( ၂ ) နှစ်ဘက်စလုံးကို သူပြောချင်တဲ့စကားတွေကို အကုန်ပြောပြနိုင်ဖို့လုံလောက်တဲ့အချိန်ပေးပါ။ ( ၃ ) နှစ်ဘက်ပြောစကားနားထောင်ရာမှာ ဘက်မလိုက်ပဲနဲ့ ဓမ္မဓိဌာန်ကျကျနားထောင်ပေးပါ။ ( ၄ ) ပဋိပက္ခဖြစ်စေတဲ့အကြောင်းတွေကို လျှော့ချဖို့ ပါးပါးနပ်နပ်နဲ့ သဘောမတူညီမှုတွေကို နည်းနည်းချင်းလျှော့ချသွားပါ။ ( ၅ ) ကိုယ်က တကယ့်စိတ်စေတနာကောင်းနဲ့ ပြောနေကြောင်း နှစ်ဘက်စလုံးက သိမြင်နိုင်ပါစေ။ ( ၆) အပြန်အလှန်လေးစားမှုရှိကြောင်းကို လေသံကပါ ပြသပြီး အဖြေကိုရှာဖို့ အာရုံစိုက်ပြောဆိုပါ။

One response to “ပဋိပက္ခတွေဖြေရှင်းတဲ့အခါ..”

  1. မောင်ချစ် Avatar
    မောင်ချစ်

    Thank you for the article. ကျေးဇူးတင်ပါတယ်။ ဖတ်ရတာ ဗဟုသုတများစွာရရှိပါတယ်။ Gravatar.

Leave a Reply

Your email address will not be published. Required fields are marked *