Gen Z ဝန်ထမ်းတွေကို ဘယ်လို Motivate လုပ်ရမလဲ

Gen Z ၀န်ထမ်းတွေဟာ အလုပ်မှာ၊ အလုပ်ကိုစိတ်ဝင်တစားလုပ်ဖို့အတွက် မနည်းအာရုံစိုက်နေကြရတာပါ။ မန်နေဂျာတစ်ယောက်အနေနဲ့ သူတို့တွေအလုပ်မှာ စိတ်ဝင်တစားလုပ်ကိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ။ တကယ်တော့ ပူးပေါင်းဆောင်ရွက်မှု၊ သန္နိဌာန်ချလုပ်ဆောင်တတ်မှုနဲ့ တစိုက်မတ်မတ်စိတ်အားထက်သန်စွာလုပ်ဆောင်တတ်မှုရှိတဲ့ Team တစ်ခုတည်ဆောက်ဖို့ပါပဲ။

( ၁ ) ပထမဆုံးအနေနဲ့ ပွင့်လင်းမြင်သာတဲ့၊ Consistent ဖြစ်တဲ့၊ အပြန်အလှန်ပွင့်လင်းစွာပြောဆိုဆက်ဆံလို့ရတဲ့ ချန်နယ်တွေတည်ဆောက်ပြီးတော့ သူတို့ကို စိုးရိမ်တုန်လှုပ်စရာမလိုတဲ့ပတ်ဝန်းကျင်ကိုလဲ ဖန်တီးပေးရင်း ပြောရဲဆိုရဲဖြစ်အောင်လုပ်ပေးရမှဖြစ်ပါတယ်။
သိစရာရှိတဲ့သတင်းအချက်အလက်တွေကို မသိရဘူးဆိုရင်တော့ သူတို့ဟာ အရေးမပါဘူးလို့ခံစားရစေမှာအမှန်ပါ

( ၂ ) သူတို့ရဲ့ Career Pathways တလျှောက်တိုးတက်လမ်းကို သေချာပြသပေးပါ။ လူတိုင်းဟာ သူတို့ဘယ်ကိုသွားသင့်တယ်ဆိုတဲ့ လမ်းညွှန်မှုတွေကို လိုအပ်ပါတယ်။ အဲဒီတိုးတက်လမ်းကို စောစောစီးစီးပြသထားဖို့လိုအပ်ပြီး ရာထူးဘယ်လောက်ငယ်တဲ့သူပဲဖြစ်ဖြစ်၊ တစ်ယောက်ချင်းစီရဲ့လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းကို ဘယ်လောက်ထိအကျိုးဖြစ်ထွန်းစေတယ်လို့မြင်အောင်လုပ်ပေးပါ။ ဒါဆိုရင် သူတို့ဟာ သူတို့ရဲ့လုပ်ဆောင်ချက်တွေရဲ့တန်ဖိုးကိုမြင်လာပြီး ပိုကောင်းတဲ့အားထုတ်မှုတွေလုပ်လာပါလိမ့်မယ်။ ပြီးတော့ သူတို့အလုပ်ကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်ခွင့်ကို ပေးပါ။ နေရာတကာဝင်ပါတာမျိုးကို ရှောင်ရှားပြီး လိုအပ်တဲ့အခါမှသာ သူတို့ပိုမိုတိုးတက်လာစေဖို့အပြုသဘောဆွေးနွေးပေးတာမျိုးလုပ်ပေးပါ။

( ၃ ) နောက်ဆုံးကတော့ သူတို့ရဲ့ Wellness, Mental Health နဲ့ Psychological Safety ရအောင်လုပ်ပေးပြီး သူတို့နဲ့ကိုယ်ဟာ အလုပ်သဘောသက်သက်ဆက်ဆံရေး မဟုတ်ဖူးဆိုတာသူတို့သိပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *