ခြေကုန်လက်ပမ်းကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ?

ခြေကုန်လက်ပန်းကျခြင်း ( Burnout )ကိုဖြေရှင်းဖို့၊ ဘာကြောင့်ဖြစ်ရတာလဲ ရှာကြဖို့ ညနေအလုပ်ကပြန်လာပြီး လုံး၀မလုပ်ချင် မကိုင်ချင်လောက်အောင် ဖြစ်ဖူးပါသလား။ အဲဒါကို ခြေကုန်လက်ပန်းကျခြင်း ( Burnout ) လို့ခေါ်ပါတယ်။ ခြေကုန်လက်ပန်းကျခြင်း ( Burnout ) ဆိုတာဟာ တစ်ယောက်ချင်းစီနဲ့ဆိုင်တာမဟုတ်ဖူးဗျ။ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အများအားဖြင့်တော့ ဝန်ထမ်းရဲ့လိုအပ်ချက်နဲ့ အလုပ်ရှင်ပံ့ပိုးပေးတာနဲ့ကြားက ကွဲလွဲမှုကြောင့်လဲ ဖြစ်ဖို့များပါတယ်။ တကယ်လို့သာ ကျနော်တို့ဟာ ခြေကုန်လက်ပန်းကျခြင်း ( Burnout ) ကိုခံစားရမယ်ဆိုရင် အောက်ဖော်ပြပါအချက်တွေထဲက ဘာတွေလွဲနေသလဲ ဆိုတာ ပြန်ဆန်းစစ်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ ( ၁ ) အလုပ်တွေအရမ်းများတာ – လုပ်စရာတွေက များနေပြီး အဲအလုပ်တွေပြီးမြောက်အောင်မြင်အောင် လုပ်ဖို့ လိုအပ်တဲ့ ရင်းမြစ်တွေမလုံလောက်တာ ( ဥပမာ – ဝန်ထမ်းအင်အား၊ အချိန်၊ သတင်းအချက်အလက်နဲ့ ပစ္စည်းကိရိယာ ) ( ၂ ) ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်ဖို့လိုအပ်တဲ့ လုပ်ပိုင်ခွင့်အပြည့်အ၀ကိုယ့်မှာမရှိတာ ( ၃ ) ကိုယ်ကကောင်းကောင်းကြိုးစားလုပ်ကိုင်ပေမယ့် ရသင့်ရထိုက်တဲ့၊ ထိုက်တန်တဲ့ ခံစားခွင့်တွေ၊ အခွင့်အလမ်းတွေမရှိတာ ( ၄ ) လုပ်ငန်းခွင်က အနိုင်ကျင့်တာတွေ၊ ရိုင်းစိုင်းတာတွေ၊ နှောင့်ယှက်စော်ကားတာတွေကများနေပြီး ယုံကြည်မှုတွေ၊ လေးစားမှုတွေ၊ ကူညီပံ့ပိုးမှုတွေနည်းပါးနေတာ ( ၅ ) ခွဲခြားဆက်ဆံခံရတာ၊ အများနဲ့တန်းတူအခွင့်အရေးမရတာ ( ၆ ) အဖွဲ့အစည်းနဲ့ ကိုယ်နဲ့ ကြားက ထားတဲ့တန်ဖိုးတွေကွဲလွဲနေတာတွေပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *