Delegation of Authority ဆိုတာဘာလဲ ?

Delegation of Authority ဆိုတာဘာလဲဆိုရင် လုပ်ပိုင်ခွင့် ( အာဏာ ) ကိုလက်အောက်ဝန်ထမ်းကိုခွဲဝေပေးတာဖြစ်ပါတယ်။ အဖွဲ့အစည်းတွေရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုဖြစ်ပြီး မန်နေဂျာတွေအနေနဲ့သူပြီးမြောက်အောင်လုပ်ဆောင်ဖို့တာဝန်ရှိတဲ့ အလုပ်တွေကို လုပ်ဖို့ တာဝန်တွေကိုခွဲပေးတာဖြစ်ပါတယ်။ အလုပ်တာဝန်တွေနဲ့အတူဘာကတွဲပါလာသလဲဆိုရင်အဲဒီအလုပ်ကိုထိထိရောက်ရောက်လုပ်နိုင်ဖို့ လိုအပ်တဲ့ လုပ်ပိုင်ခွင့် ( အာဏာ ) ကိုပါ တစ်ပါတည်းခွဲဝေပေးဖို့ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ Delegation of Authority လို့ပြောရင် မန်နေဂျာတွေ၊ ကြီးကြပ်သူတွေအနေနဲ့ လုပ်ပိုင်ခွင့် အာဏာကိုပါ ပြန်လည်မျှဝေပေးပြီး သူ့လက်အောက်ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်ကိုတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိအောင် စောင့်ကြပ်ကြည့်ရှုရတာဖြစ်ပါတယ်။ ကိုယ့်အလုပ်ကိုတခြားတစ်ယောက်ကို လုပ်ခိုင်းဖို့အတွက် ယုံကြည်စွာနဲ့လွှဲအပ်ရတာဖြစ်သလို အောင်မြင်ပြီးမြောက်အောင်လဲ ကိုယ့်မှာတာဝန်ရှိနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *