ခင်ဗျားအတွက် ဘယ်သူကမှ အလုပ်လုပ်မပေးချင်ဘူးလား ?

လူတိုင်းကတော့ လူကြိုက်နည်းတဲ့ ဘော့စ်မဖြစ်ချင်ကြပါဘူး။ ကိုယ်ဟာ လူကြိုက်နည်းတဲ့၊ လူဆိုးဘော့စ်ဖြစ် နေသလားသိရအောင် အောက်ကအချက်ကလေးတွေနဲ့ဆန်းစစ်ကြည့်ရအောင်လားဗျ။

( ၁ ) ခင်ဗျားစံနှုန်းတွေက လက်တွေ့မကျဘူးလား – အကောင်းဆုံးကို မျှော်လင့်တာဟာ မကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားရဲ့စံနှုန်း တွေက သိပ်မြင့်နေမယ်ဆိုရင် ခင်ဗျားလူတွေ လိုက်နိုင်မှာမဟုတ်ဖူးဆိုတာသိထားပါ။ ကိုယ်ဟာ ကိုယ့်လက်အောက်ကလူတွေနဲ့ပတ်သက်ပြီး သိပ်ကိုပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ချင်နေသလားဆိုတာစဉ်းစားပါ။ ခင်ဗျားလူတွေကိုပြန်မေးပါ။ သူတို့ဘယ်လိုခံစားနေရသလဲလို့။

( ၂ ) ပါလေရာငပိချက်လုပ်မိနေသလား – ခင်ဗျားဝန်ထမ်းတွေကို ဘာပြီးရင် ဘာလုပ်၊ ဘာပြီးရင် ဘာလုပ်ဆိုပြီး အသေးစိတ်နေရာတကာဝင်ပါပြီး ခိုင်းမိနေသလား။ ဒါဆိုရင် သူတို့အနေနဲ့ ဘယ်အရာကိုမှ ဆန်းသစ်တီထွင်နိုင်စွမ်းရှိလိမ့်မယ်မဟုတ်ဖူး။ အဲလိုဖြစ်နေပြီဆိုရင် လုပ်ငန်းစဉ်အစား ရလာဒ်ကိုပြောင်းပြီးအာရုံစိုက်ပါ။ လိုအပ်သလိုလမ်းညွှန်မှုတွေပေးမယ်၊ Feedback တွေပေးမယ်ဆိုရပြီလေ။ ကျန်တာအသေးစိတ်တွေဝင်ပါမနေမိပါစေနဲ့။

( ၃ ) တာဝန်တွေခွဲပေးမိရဲ့လား – လူတိုင်းက တိုးတက်ချင်တယ်ဗျ။ တဖြည်းဖြည်းနဲ့ပဲ စံနှုန်းတွေကိုမြှင့်သွားပြီး ထိန်းချုပ်တာကို နည်းနည်းချင်းလွှတ်ချလိုက်ဗျ။ ဒါဆိုရင် ခင်ဗျားလူတွေဘယ်လောက်တော်လဲသိလာရလိမ့်မယ်။ တာဝန်တွေခွဲပေးတဲ့အကျင့်လုပ်ပြီး ကိုယ့်လူတွေပိုပြီးတိုးတက်လာပါစေလား။

( ၄ ) အဆိုးတွေချည်းပဲ Feedback ပေးမိနေသလား။ အကောင်း၆ဆ အဆိုး ၁ဆ Feedback ပေးတတ်တဲ့အကျင့်လေးလုပ်ကြည့်ပါ။ Positive Feedback မပေးဖြစ်ရင်တောင် ကိုယ့်ဝန်ထမ်းတွေရဲ့ အားသာချက်တွေ၊ အောင်မြင်မှုတွေကို ချီးကျူးအားပေးတာလေးစလုပ်လိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *